Title: တောင်သူလယ်သမားများမှာ မိမိတို့၏ပိုင်နက်မြေအတွင်း မတရားကျူးကျော်သူများဖြစ်ရတော့မည်။
Translated title: Millions of Farmers are at Risk of Being Considered Trespassers on Their Own Lands
author(s): Organisation: GRET
Keywords: Land, VFV, Criminalisation
Publication year: 2019
Available in folders: Vacant, Fallow, and Virgin Lands Management Law
Main language: Burmese
Abstract: ‘‘မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ˝ အား လွှတ်တော်အတွင်း အချိုးအစားအများဆုံး နေရာ ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မူကြမ်းရေးဆွဲကာ အတည်ပြုခဲ့ပြီး ၂၀၁၈ခုနှစ်၊ စက်တင်ဘာ လ (၁၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၁၈ ခု၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် လက်ရှိ အသုံးပြုနေသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအသုံးပြုခွင့်ကို ၂၀၁၉ ခုနှစ်၊ မတ်လ နောက်ဆုံးထားမှတ်ပုံတင်ရန်နှင့် ပျက်ကွက်ပါက ကျူး ကျော်သူများနှင့် ရာဇဝတ်ကျူးလွန်သူများအဖြစ် ဒဏ်ငွေ နှင့် ထောင်ဒဏ်များ အပြစ်ပေးခံရမည်ဟု တရားဝင် ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ ထိုပြင်ဆင်သည့် ဥပဒေ အား ကတိုက်ကရိုက် အကောင်အထည်ဖော်ခြင်းကြောင့် မြေယာပဋိပက္ခများ ပိုမိုများပြားလာနို င်ပြီး သန်းပေါင်းများစွာ သောလူထုမှာ မြေမဲ့ယာမဲ့ဖြစ်သွားစေနိုင်ပါသည်။ မြေ လွတ်၊ မြေလပန် ငှ့် မြေရငို ်းများစမီ ခံ နခ့် ွဲရေးဥပဒေမှာ အနငို ရ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေငြာ ချက်နှင့် ၂၀၁၆ ခုနှစ်တွင်အတည်ပြုခဲ့သော အမျိုးသား မြေအသုံးချမှုမူဝါဒ (NLUP)တို့နှင့် ဆက်စပ်ဆီလျော်ခြင်း လည်းမရှိပါ။ အစိုးရအနေဖြင့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊ ရေရှည်တည်မြဲသောဖွံ့ဖြိုးမှုများနှင့် အသေးစား တောင်သူလယ်သမားများကို ပံ့ပိုးမည့်ဆန္ဒကို ဖြည့်ဆည်း ဤဥပဒေ၏ အဓိက (ရှင်းလင်းသော) ရည်ရွယ်ချက် မှာ စီးပွားရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြုခွင့်ပေးရန် ဖြစ်ပါသည်။ ပုဒ်မ ၃ (က) တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို “နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ၊ မြေယာမဲ့နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်နိုင်ရေး” အတွက် အသုံးပြုရမည်ဟု ဖော်ပြထားပါသည်။ သို့သော်လည်း မြန်မာနိုင်ငံနှင့် ဒေသ တွင်းနိုင်ငံများမှ အချက်များအရ အကြီးစား မြေသိမ်းမှုတို့ သည် အသေးစားမြေယာပိုင်ဆိုင်သူများအား ၎င်းတို့၏ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းများ၊ စားကျက်ချခြင်း၊ သစ်တော အရင်းအမြစ်များထုတ်ယူသုံးစွဲခြင်းစသည့်တို့မှ ဖယ်ထုတ် စေကာ မြေမယဲ့ ာမ့ဲဖြစ်စေခြင်း၊ အလပု အ် ကိငု မ် ဲ့ ဖြစ်စေခြင်း နငှ့် ပမို ဆို င်းရဲနမွ ်းပါးခြင်းသသ့ို ာ တနွ ်းပ့ေို နပါသည။် မဲခေါင ် ဒေသများတွင် မြေဧကများစွာ သိမ်းယူမှုကြောင့် အလုပ် အကိုင်ဖန်တီးမှုအကန့်အသတ်များ ဖြစ်ပေါ်စေပါသည်။ ထ့ြိုပင ်ကမု ဏ္ပ မီ ျားကလည်း ဒေသခမံ ျားနငှ့်ဖြစပ် ွားနငို ်သော ပဋိပက္ခများကိုရှောင်ရှားနိုင်ရန် အခြားသောဒေသများမှ လုပ်သားများကိုသာ ခေါ်ယူလေ့ရှိပါသည်။ ရန် ရညသ် နပ် ါက မြေလတွ ၊် မြေလပ်နငှ့် မြေရငို ်းများ စမီ ခံ နခ့် ွဲ ရေးဥပဒေကိုရုတ်သိမ်းပြီး အမျိုးသားမြေဥပဒေသစ်ကို ပြန် လည်ပြဋ္ဌာန်းကာ အမျိုးသားမြေအသုံးချမှုမူဝါဒ(NLUP) ကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။ စွန့်ပစ်မြေရိုင်းများ (ယခု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ) သုံးရန်ခွင့်ပြုချက်များပေးခဲ့ခြင်းကြောင့် စိုက် ပျိုးရေးထုတ်ကုန်များနှင့် အလုပ်အကိုင်ရရှိမှုမှာ မပြောပ လောက်သော အခြေအနေမျှသာရှိခဲ့ပြီး နိုင်ငံ့အကျိုးစီးပွား လည်းထိခိုက်နစ်နာစေခဲ့ပါသည်။ ထို့ကြောင့် သစ်တော ပြုန်းတီးမှုနှင့် မြေယာပဋိပက္ခများသည် ဒုံးပျံကဲ့သို့ မိုးထိုး မြင့်တက်လာခဲ့ပါသည်။
File type (mime): application/pdf
File size: 3.67MB
Type of document: Reports: Reports, Research, Policy Briefs
Uploaded date/time: 2019-06-28 14:35:38
Accepted date/time: 2019-06-28 14:35:38
Accepted by: mylaffmoderator@gmail.com
Download file: iconPolicyBriefVFV-MMR-new-3-april-1.pdf
downloads: 13